"A just and independent society with equity and equality in a future federal democratic country of Myanmar."

Minority Affairs Institute

MAI - Myanmar

ပြည်သူ့တော်လှန်ရေးကာလအတွင်း တက်ကြွလှုပ်ရှားသူများ၊ တတ်သိပညာရှင်များ၊ လူငယ်များနှင့် စိတ်ပါဝင်စားသူများတို့သည် လူနည်းစုဝင်များ၏ အရေးအရာများနှင့် အခက်အခဲအကျပ်အတည်းများတို့ကို တဖက်တလမ်းမှ အကူအညီအထောက်အပံ့ဖြစ်စေနိုင်ရန် Minority Affairs Institute (MAI) ကို စုစည်းပါဝင်လုပ်ကိုင်ဆောင်ရွက်နေကြပါသည်။

MAI

MAI သည် ပြည်သူ့တော်လှန်ရေးကာလတွင် လူနည်းစုဝင်အသီးသီးတို့၏ ပါဝင်ဆောင်ရွက်နေမှုများ၊ အခက်အခဲဒုက္ခများနှင့် ရင်ဆိုင်ဖြတ်သန်းရသောအခြေအနေမျိုးစုံတို့ကိုအခြေခံ၍

1 - နိုင်ငံရေးအသိပညာရပ်များနှင့် အတွေးအမြင်သစ်များမြှင့်တင်ခြင်းကဏ္ဍများ၊
2 - မှတ်တမ်းပြုစု စုဆောင်းခြင်းနှင့် သုတေသနများပြုလုပ်ခြင်းကဏ္ဍ၊
3 - လူသားချင်းစာနာမှုဆိုင်ရာ အကူအညီအထောက်အပံ့များဆောင်ရွက်ခြင်းကဏ္ဍနှင့်
4 - ဒီဂျစ်တယ်နည်းပညာဆိုင်ရာ လုံခြုံရေးနှင့် အကူအညီ‌ပေးခြင်းကဏ္ဍများ‌ ဆောင်ရွက်ခြင်းတို့ကို လတ်တလောအစီအစဉ်များအနေနဲ့ ဆောင်ရွက်သွားကြပါမည်။

MAI တွင် လူနည်းစုဝင်အသီးသီးတို့၏ အရေးအရာကိစ္စများနှင့်ပက်သက်ပြီးစိတ်ပါဝင်စားကြသော ပြည်တွင်း၊ ပြည်ပရှိ လူမျိုး၊ ဘာသာ၊ ကျား/မ၊ အသက်အရွယ် စသည်တို့ ကန့်သတ်ခြင်းမရှိဘဲ မည်သူမဆို အမြဲတမ်းပါဝင်ဆောင်ရွက်ကြသူများနှင့် အကူအညီပေးပါဝင်ဆောင်ရွက်ကြသူများဆိုပြီး နှစ်သက်ရာအနေအထားဖြင့် ပူးပေါင်းပါဝင်လုပ်ဆောင်နိုင်ကြပါသည်။

Latest posts

Recent Posts from MAI

Human Rights

Follow us on Facebook