Introduction to Public Administration သင်တန်း အောင်မြင်စွာပြီးဆုံး

Introduction to Public Administration သင်တန်း အောင်မြင်စွာပြီးဆုံး


စက်တင်ဘာ ၂၉၊ ၂၀၂၅


Minority Affairs Institute မှ ပထမဦးဆုံးအကြိမ် ဖွင့်လှစ်သော "Introduction to Public Administration " (Batch-1) သင်တန်းသည် ၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ ၂၈ ရက်နေ့၊ မြန်မာစံတော်ချိန် ည ၉ နာရီတွင် အောင်မြင်စွာ ပြီးဆုံးခဲ့ပါသည်။ 


သင်တန်းကာလတလျှောက် သင်ခန်းစာများကို ဦးဆောင် သင်ကြားပို့ချပေးခဲ့သော သင်တန်းဆရာ ဆရာဆန်းမင်းဝင်း ကို Minority Affairs Institute မှ အထူးကျေးဇူးတင်ရှိပါသည်။ ထို့အပြင် တက်ကြွစွာ ပါဝင်ဆွေးနွေးပေးကြသော သင်တန်းသူ၊ သင်တန်းသားများကိုလည်း အထူးကျေးဇူးတင်ရှိပါသည်။ 


Minority Affairs Institute အနေဖြင့် လူနည်းစုများနှင့် လူငယ်များ၏ နိုင်ငံရေးအသိပညာ တိုးပွားလာစေရန်၊ အရည်အချင်းများ မြှင့်တင်လာစေရန် ရည်ရွယ်၍ ယခုကဲ့သို့ သင်တန်းများကို ဆက်လက်ဖွင့်လှစ်ပေးသွားမည်ဖြစ်ကြောင်း သတင်းကောင်းပါး အပ်ပါသည်။


လူနည်းစုရေးရာ အင်စတီကျူ (မြန်မာ)  

Minority Affairs Institute - MAI (Myanmar)


#MAI #Myanmar

#Minority_Affairs_Institute

#Public_Administration