
အပြောင်းအလဲတွေကို ဖော်ဆောင်ချင်တဲ့၊ အပြောင်းအလဲတွေမှာ ကိုယ်တိုင်ပါဝင်ချင်တဲ့ လူငယ်တွေ အတွက် Introduction to Public Administration သင်တန်း
𝗠𝗶𝗻𝗼𝗿𝗶𝘁𝘆 𝗔𝗳𝗳𝗮𝗶𝗿𝘀 𝗜𝗻𝘀𝘁𝗶𝘁𝘂𝘁𝗲 အနေနဲ့ အများပြည်သူနဲ့ သက်ဆိုင်တဲ့ စီမံကိန်းတွေ စီမံခန့်ခွဲတာတွေ၊ အစိုးရတွေရဲ့ ဆုံးဖြတ်ချက်ချမှတ်မှုတွေ၊ မူဝါဒရေးရာတွေကို လေ့လာချင်တဲ့၊ အပြောင်းအလဲ တွေ ဖော်ဆောင်တဲ့ နေရာတွင် ကိုယ်တိုင်ပါဝင်ချင်တဲ့ လူငယ် တွေ အတွက် 𝗜𝗻𝘁𝗿𝗼𝗱𝘂𝗰𝘁𝗶𝗼𝗻 𝘁𝗼 𝗣𝘂𝗯𝗹𝗶𝗰 𝗔𝗱𝗺𝗶𝗻𝗶𝘀𝘁𝗿𝗮𝘁𝗶𝗼𝗻 သင်တန်းကို ပထမဦးဆုံးအကြိမ် ဖွင့်လှစ်သွားမှာဖြစ်ပါတယ်။
𝗜𝗻𝘁𝗿𝗼𝗱𝘂𝗰𝘁𝗶𝗼𝗻 𝘁𝗼 𝗣𝘂𝗯𝗹𝗶𝗰 𝗔𝗱𝗺𝗶𝗻𝗶𝘀𝘁𝗿𝗮𝘁𝗶𝗼𝗻 သင်တန်းမှာကျောင်းသားလူငယ် တွေအနေနဲ့
📌 𝗣𝘂𝗯𝗹𝗶𝗰 𝗔𝗱𝗺𝗶𝗻𝗶𝘀𝘁𝗿𝗮𝘁𝗶𝗼𝗻 ဆိုတာဘာလဲ၊ ဘာကြောင့်အရေးပါလဲဆိုတာတွေကို နားလည်လာမယ့်အပြင်
📌 ဗျူရိုကရေစီ (𝗕𝘂𝗿𝗲𝗮𝘂𝗰𝗿𝗮𝗰𝘆) ယန္တရား ဟာ ဘယ်လိုဖွဲ့စည်းထားတာလဲ၊ ဘယ်လိုအလုပ်လုပ်တာလဲဆိုတာတွေကို သိခွင့်ရမှာ ဖြစ်ပါတယ်။
📌 𝗧𝗮𝘆𝗹𝗼𝗿၊ 𝗪𝗲𝗯𝗲𝗿၊ 𝗠𝗮𝘆𝗼 စတဲ့ ပညာရှင်တွေရဲ့ အယူအဆတွေနဲ့ ခေတ်သစ်အုပ်ချုပ်မှုစနစ်တွေ ကို နှိုင်းယှဉ်လေ့လာရင်း သမိုင်း တလျှောက်မှာ ဘယ်လိုတိုးတက်ပြောင်းလဲလာတာလဲဆိုတာကို သိခွင့်ရမှာဖြစ်ပါတယ်။
📌 မြန်မာနိုင်ငံရဲ့ အုပ်ချုပ်ရေးဖွဲ့စည်းပုံ၊ အုပ်ချုပ်ရေးကဏ္ဍ ပြုပြင်ပြောင်းလဲမှုတွေ၊ 𝗗𝗲𝗰𝗲𝗻𝘁𝗿𝗮𝗹𝗶𝘇𝗮𝘁𝗶𝗼𝗻 ရဲ့အရေးပါပုံတွေ၊ အုပ်ချုပ်ရေးကဏ္ဍမှာ ကြုံတွေ့ နေရတဲ့ စိန်ခေါ်မှုတွေနဲ့ အတားအဆီးတွေအကြောင်းကိုလဲ လေ့လာခွင့်ရမှာဖြစ်ပါတယ်။
📌 အုပ်ချုပ်ရေးကဏ္ဍမှာ တာဝန်ယူမှုတာဝန်ခံမှု၊ ပွင့်လင်းမြင်သာမှု၊ ကျင့်ဝတ်၊စည်းမျဉ်းစည်းကမ်းမှုတွေဟာ ဘယ်လောက်ထိ အရေးကြီးလဲဆိုတာသိခွင့်ရမှာဖြစ်ပါတယ်
📌 လူငယ်တွေအနေနဲ့ ကိုယ်တိုင်အတွက်ရော၊ ကိုယ် လုပ်ကိုင်နေတဲ့ အဖွဲ့အစည်းတွေ စနစ်တကျ စီမံခန့်ခွဲနိုင်ဖို့အတွက် 𝗣𝗢𝗦𝗗𝗖𝗢𝗥𝗕 စနစ်ကို ဘယ်လို လက်တွေ့အသုံးချလို့ရလဲဆိုတာတွေကို လေ့လာနိုင်မှာဖြစ်ပါတယ်။
📅 စတင်သင်ကြားမည့်ရက် – ၂၀၂၅ ခုနှစ် ဇူလိုင်လ ၁၉ ရက် (စနေနေ့)
🕘 သင်တန်းချိန် – ည ၇ နာရီမှ ည ၉ နာရီ (မြန်မာစံတော်ချိန်)
⏳ သင်တန်းကာလ – ၆ ပတ် (စနေ၊ တနင်္ဂနွေ)
💰 သင်တန်းကြေး - ၃၀,၀၀၀ ကျပ် (သုံးသောင်းကျပ်)
ဒီ သင်တန်းကို အုပ်ချုပ်ရေးကဏ္ဍကို စိတ်ဝင်စားတဲ့ သူတွေ၊ မူဝါဒရေးရာ လေ့လာလိုတဲ့သူတွေ၊ လူ့အဖွဲ့အစည်းရဲ့ အပြောင်းအလဲတွေမှာ ပါဝင်လိုတဲ့သူတွေ၊ အဖွဲ့အစည်း စီမံခန့်ခွဲမှုအပိုင်းနဲ့ ပတ်သက်ပြီး အသိပညာဗဟုသုတတိုးတက်ချင်တဲ့သူတွေ တက်ရောက်သင့်ပါတယ်။
🔔သင်တန်းကြေးကင်းလွတ်ခွင့်လျှောက်ထားနိုင်ခြင်း
လူမှုအကျိုးပြုလုပ်ငန်းများတွင် ပါဝင်လုပ်ဆောင်နေကြသော လူငယ်များ၊ သင်တန်းဘာသာရပ်များကို သင်ကြားရန်လိုအပ်ချက်ရှိနေကြသော လူငယ်များနှင့် သင်တန်းကြေးအခက်အခဲရှိကြသော လူငယ်များအနေဖြင့် သင်တန်းကြေးကင်းလွတ်ခွင့်လျှောက်လွှာကို သတ်မှတ်ထားတဲ့အတိုင်း လျှောက်ထားနိုင်ပါတယ်။
သင်တန်ကြေးကင်းလွတ်ခွင့် လျှောက်ထားလာသူများအနက်မှ MAI ၏ သတ်မှတ်ချက်များနှင့်ကိုက်ညီသော သင်တန်းတက်ရောက်ရန် ငွေကြေးအခက်အခဲရှိနေသည့် သင်တန်းသူ၊ သင်တန်းသား ၅ ဦးကို ရွေးချယ်ပြီး ပညာသင်ထောက်ပံ့ကြေး (သင်တန်းကြေးကင်းလွတ်ခွင့်) ပေးအပ်သွားမှာဖြစ်ပါတယ်။
💻 ဘယ်လိုသင်မှာလဲ။
🚩 အွန်လိုင်း 𝗭𝗼𝗼𝗺 ပလက်ဖောင်းကို အသုံးပြုပြီး၊ သင်ကြားတဲ့ ဆရာနဲ့ ဆွေးနွေးမှုများ၊ အဖွဲ့လိုက် လေ့ကျင့်ခန်းများနှင့် ဖြစ်ရပ်လေ့လာမှုများ ပါဝင်ပြီး အပြန်အလှန် ဆွေးနွေးမှုပုံစံ ဖြင့် သင်ကြားသွားမှာဖြစ်ပါတယ်။
🚩 အတန်းချိန်တိုင်းတွင် တက်ကြွစွာပါဝင်ဆွေးနွေးဖို့လိုအပ်ပြီး၊ တဦးချင်းစီနဲ့ အုပ်စုလိုက် လှုပ်ရှားမှုများတွင် 𝗣𝗿𝗲𝘀𝗲𝗻𝘁𝗮𝘁𝗶𝗼𝗻 (𝗣𝗼𝘄𝗲𝗿𝗣𝗼𝗶𝗻𝘁) များနဲ့ 𝗔𝘀𝘀𝗶𝗴𝗻𝗺𝗲𝗻𝘁 များတို့ကို (မပျက်မကွက်) ပြုလုပ်ကြရမှာဖြစ်ပါတယ်။
🚨 အထူးသတိပြုရန်
လူဦးရေအကန့်အသတ်ကြောင့် ရွေးချယ်ခြင်းမခံသူများရဲ့ အခွင့်အရေးဆုံးရှုံးမှုမဖြစ်အောင် သင်တန်းတက်ရောက်ခွင့်ရရှိသူများအနေဖြင့် သင်တန်းကို အချိန်ပြည့် တက်ရောက်ပေးဖို့ လိုအပ်ပါတယ်။
အတန်းချိန်အားလုံး၏ (80%) မပျက်မကွက် တက်ရောက်ရမှာဖြစ်ပါတယ်။
တဦးချင်း 𝗔𝘀𝘀𝗶𝗴𝗻𝗺𝗲𝗻𝘁 ကို မပျက်မကွက် ပြုလုပ်ရမှာဖြစ်ပါတယ်။
𝗣𝗿𝗲 𝘁𝗲𝘀𝘁 နဲ့ 𝗣𝗼𝘀𝘁 𝘁𝗲𝘀𝘁 မဖြစ်မနေ ဖြေဆိုရမှာဖြစ်ပါတယ်။
🏆 အထက်ပါ လုပ်ဆောင်ချက် (၃) ခု၏ ရမှတ်များကို အခြေခံတွက်ချက်ပြီး 𝗖𝗲𝗿𝘁𝗶𝗳𝗶𝗰𝗮𝘁𝗲 𝗼𝗳 𝗖𝗼𝗺𝗽𝗹𝗲𝘁𝗶𝗼𝗻 ထုတ်ပေးသွားမှာဖြစ်ပါတယ်။
🛑 အောင်မှတ် မရရှိသောသူများကို 𝗖𝗲𝗿𝘁𝗶𝗳𝗶𝗰𝗮𝘁𝗲 𝗼𝗳 𝗣𝗮𝗿𝘁𝗶𝗰𝗶𝗽𝗮𝘁𝗶𝗼𝗻 ကို ထုတ်ပေးသွားမှာဖြစ်ပါတယ်။
🔔 သင်တန်းတက်ရောက်ခွင့်ရရန် လုပ်ဆောင်ရမယ့် အချက်များ
၁။ ယခုပို့စ်တွင်ဖော်ပြထားသော လျှောက်လွှာဖောင်ကို (၂၀၂၅ခုနစ်၊ ဇူလိုင်လ ၁၅ ရက်) ညနေ ၆ နာရီ နောက်ဆုံးထား၍ ပြည့်စုံမှန်ကန်စွာဖြည့်သွင်းရမှာဖြစ်ပါတယ်။ (အချက်အလက်မပြည့်စုံသောသူများကို ထည့်သွင်းစဉ်းစားသွားမည်မဟုတ်ပါ)
၂။ ရွေးချယ်ခံရသူများကို 𝗘𝗺𝗮𝗶𝗹 ပေးပို့အကြောင်းကြားသွားမှာ ဖြစ်ပါတယ်။
၃။ မိမိတို့၏ 𝗘𝗺𝗮𝗶𝗹 တွင် 𝗜𝗻𝗯𝗼𝘅 / 𝗔𝗹𝗹 𝗠𝗮𝗶𝗹 / 𝗦𝗽𝗮𝗺 တို့ကို သေချာစွာ ကြည့်ရှုပေးဖို့လိုအပ်ပါတယ်။
၄။ ၂၀၂၅ခုနစ်၊ ဇူလိုင်လ ၁၈ ရက်တွင် သင်တန်းတက်ရောက်ခွင့် ရသူများကို 𝗠𝗔𝗜 𝗧𝗿𝗮𝗶𝗻𝗶𝗻𝗴 𝗨𝗻𝗶𝘁 𝗘𝗺𝗮𝗶𝗹 မှ ပေးပို့အကြောင်းကြားသွားမှာဖြစ်ပြီး၊ အဆိုပါ 𝗘𝗺𝗮𝗶𝗹 တွင် 𝗜𝗣𝗔 (2025) 𝗧𝗲𝗹𝗲𝗴𝗿𝗮𝗺 𝗚𝗿𝗼𝘂𝗽 𝗹𝗶𝗻𝗸 နှင့် သင်တန်းတက်ရောက်ရမည် 𝗭𝗼𝗼𝗺 𝗹𝗶𝗻𝗸 တို့ကို ပူးတွဲပေးပို့အကြောင်းကြားသွားမှာဖြစ်ပါတယ်။
၅။ ၂၀၂၅ခုနစ်၊ ဇူလိုင်လ ၁၉ ရက်၊ ည ၇ နာရီ (မြန်မာစံတော်ချိန်) တွင် အတန်းကို စတင်ဖွင့်လှစ်သွားမည်ဖြစ်ပါတယ်။
⚠️ စည်းကမ်းချက်များ
သင်တန်းတက်ရောက်ခွင့်ရသူများသည် ကျောင်းခေါ်ချိန် အနည်းဆုံး ၈၀% ပြည့်မီဖို့ လိုအပ်ပါတယ်။
သင်တန်းချိန်တွေကို (၃) ချိန်ထက် ပိုမို ပျက်ကွက်ခွင့် မရှိပါ။
ကျောင်းခေါ်ချိန်ပြည့်မီပြီး ဆရာမှပေးအပ်သော 𝗔𝘀𝘀𝗶𝗴𝗻𝗺𝗲𝗻𝘁 များကို သင်တန်းဆရာသတ်မှတ်ထားသောပုံစံတို့ဖြင့် တဦးချင်း (သို့) အုပ်စုငယ်များဖြင့် ပြုလုပ်အောင်မြင်ပြီးမှသာလျှင် အသိအမှတ်ပြု 𝗖𝗲𝗿𝘁𝗶𝗳𝗶𝗰𝗮𝘁𝗲 ထုတ်ပေးသွားမှာ ဖြစ်ပါတယ်။
📝သင်တန်းလျှောက်လွှာ
https://forms.gle/mQWRrkacJEEDNpA5A
📧 အသေးစိတ်သိရှိလိုပါက 👇
𝗺𝗮𝗶.𝘁𝗿𝗮𝗶𝗻𝗶𝗻𝗴𝘂𝗻𝗶𝘁@𝗴𝗺𝗮𝗶𝗹.𝗰𝗼𝗺 ကို ဆက်သွယ် မေးမြန်းနိုင်သလို 𝗙𝗮𝗰𝗲𝗯𝗼𝗼𝗸 𝗽𝗮𝗴𝗲 𝗠𝗲𝘀𝘀𝗲𝗻𝗴𝗲𝗿 ကလည်း ဆက်သွယ်မေးမြန်းနိုင်ပါတယ်။
𝗢𝗿𝗴𝗮𝗻𝗶𝘇𝗲𝗱 𝗯𝘆 𝗠𝗔𝗜
လူနည်းစုရေးရာ အင်စတီကျူ (မြန်မာ)
𝗠𝗶𝗻𝗼𝗿𝗶𝘁𝘆 𝗔𝗳𝗳𝗮𝗶𝗿𝘀 𝗜𝗻𝘀𝘁𝗶𝘁𝘂𝘁𝗲 - 𝗠𝗔𝗜 (𝗠𝘆𝗮𝗻𝗺𝗮𝗿)
Email - mai.myanmar@protonmail.com
Website - https://www.maimyanmar.org
YouTube -
https://youtube.com/@maiminorityaffairsinstitut1290
#MAI #Myanmar #minorityaffairsinstitute
#PublicAdministration