
Minority Affairs Institute မှ ပထမဦးဆုံးအကြိမ် ဖွင့်လှစ်သော Introduction to Public Administration သင်တန်း စတင်ဖွင့်လှစ်ကြောင်း ကြေညာခြင်း
ဇူလိုင် ၃၀၊ ၂၀၂၅
Minority Affairs Institute မှ ပထမဦးဆုံးအကြိမ် ဖွင့်လှစ်သော Introduction to Public Administration သင်တန်းကို ၂၀၂၅ ခုနစ်၊ ဇူလိုင်လ ၁၉ ရက်နေ့၊ မြန်မာစံတော်ချိန် ည ၇ နာရီ အချိန်တွင် အောင်မြင်စွာ ဖွင့်လှစ် သင်ကြားနိုင်ခဲ့ပါသည်။
အင်တာနက်လိုင်း အခက်အခဲ၊ လျှပ်စစ်မီး အခက်အခဲ၊ နည်းပညာ အခက်အခဲများကြားမှ ကြိုးစား တက်ရောက်ပေးခဲ့ကြသော သင်တန်းသူ၊ သင်တန်းသား တဦးတယောက်ချင်းစီတိုင်းကို မိမိတို့ Minority Affairs Institute အနေဖြင့် ကျေးဇူး အထူးတင်ရှိအပ်ပါသည်။
ယခုကဲ့သို့ လူငယ်များအတွက် အသိပညာ တိုးပွားစေမည့် သင်တန်းများကို Minority Affairs Institute မှ စဉ်ဆက်မပြတ်ဆက်လက် ဖွင့်လှစ်သွားနိုင်ရန် အတွက် ဆက်လက် ကြိုးစားသွားမည်ဖြစ်ကြောင်း ကိုလည်း သတင်းကောင်းပါးအပ်သည်။
Minority Affairs Institute မှ ထပ်မံ ဖွင့်လှစ်မည့် သင်တန်းများတွင်လည်း တက်ရောက်ဖို့အတွက် ဖိတ်ခေါ်အပ်ပါသည်။
လူနည်းစုရေးရာ အင်စတီကျူ (မြန်မာ)
Minority Affairs Institute - MAI (Myanmar)
#MAI #Myanmar
#Minority_Affairs_Institute
#Public_Administration
#Public #Administration