ယဥ်ကျေးမှုအရောင်အသွေးစုံ လူ့အဖွဲ့အစည်းအတွင်း အမုန်းစကား၊ အမှတ်လက္ခဏာနိုင်ငံရေး၊ လူမှုသဟဇာတဖြစ်မှုနှင့် လူမှုပါဝင်ခြင်းသိကောင်းစရာ (၅)ရက်တာသင်တန်း စတင်ဖွင့်လှစ်ခြင်း

ယဥ်ကျေးမှုအရောင်အသွေးစုံ လူ့အဖွဲ့အစည်းအတွင်း အမုန်းစကား၊ အမှတ်လက္ခဏာနိုင်ငံရေး၊ လူမှုသဟဇာတဖြစ်မှုနှင့် လူမှုပါဝင်ခြင်းသိကောင်းစရာ (၅)ရက်တာသင်တန်း စတင်ဖွင့်လှစ်ခြင်း


စက်တင်ဘာ ၁၊ ၂၀၂၅


Minority Affairs Institute (MAI) နှင့် Speech Matters (Myanmar) တို့ ပူးပေါင်း၍ ဖွင့်လှစ်သည့် “ယဥ်ကျေးမှုအရောင်အသွေးစုံ လူ့အဖွဲ့အစည်းအတွင်း အမုန်းစကား၊ အမှတ်လက္ခဏာနိုင်ငံရေး၊ လူမှုသဟဇာတဖြစ်မှုနှင့် လူမှုပါဝင်ခြင်းသိကောင်းစရာ (၅)ရက်တာသင်တန်း” ကို ၂၀၂၅ ခုနစ်၊ စက်တင်ဘာလ ၁ ရက်နေ့၊ မြန်မာစံတော်ချိန် ည ၆ နာရီ အချိန်တွင် အောင်မြင်စွာ ဖွင့်လှစ် သင်ကြားနိုင်ခဲ့ပါသည်။


အင်တာနက်လိုင်း အခက်အခဲ၊ လျှပ်စစ်မီး အခက်အခဲ၊ နည်းပညာ အခက်အခဲများကြားမှ ကြိုးစား တက်ရောက်ပေးခဲ့ကြသော တဦးတယောက်ချင်းစီတိုင်းကို မိမိတို့ Minority Affairs Institute နှင့် Speech Matters (Myanmar) အနေဖြင့် ကျေးဇူး အထူးတင်ရှိအပ်ပါသည်။


ထို့အပြင် ယခုကဲ့သို့ အသိပညာဖြန့်ဝေရေးသင်တန်းများကို စဉ်ဆက်မပြတ်ဆက်လက် ဖွင့်လှစ်နိုင်ရန် အတွက် အစဉ်အမြဲဆက်လက် ကြိုးစားသွားမည်ဖြစ်ကြောင်း ကိုလည်း သတင်းကောင်းပါးအပ်သည်။ 


Minority Affairs Institute - MAI (Myanmar)နှင့် Speech Matters (Myanmar) တို့မှ ထပ်မံ ဖွင့်လှစ်မည့် သင်တန်းများတွင်လည်း တက်ရောက်ဖို့ ဖိတ်ခေါ်အပ်ပါသည်။


လူနည်းစုရေးရာ အင်စတီကျူ (မြန်မာ)

Minority Affairs Institute - MAI (Myanmar)

Speech Matters (Myanmar)


#MAI #minorityaffairsinstitute #SpeechMattersMyanmar #hatespeech #socialcohesion #identitypolitics #socialinclusion #multicultural #society