Speech Matters (Myanmar) နှင့် Minority Affairs Institute (MAI) တို့ မိတ်ဖက် အဖွဲ့အစည်းများအဖြစ် လက်တွဲပူးပေါင်းခြင်း

Speech Matters (Myanmar) နှင့် Minority Affairs Institute (MAI) တို့ မိတ်ဖက် အဖွဲ့အစည်းများအဖြစ် လက်တွဲပူးပေါင်းခြင်း


Speech Matters (Myanmar) အဖွဲ့သည် စုံလင်ကွဲပြားသော လူ့အဖွဲ့အစည်းအတွင်း ငြိမ်းချမ်းမှုနှင့် လူမှုသဟဇာတဖြစ်မှုကို ခြိမ်းခြောက်နေသည့် အမုန်းစကားများနှင့် ဝါဒဖြန့်မှုများကို ဖော်ထုတ်ရန်နှင့် လူထုအား အသိပညာဗဟုသုတပေးနိုင်ရန်အတွက် ရည်ရွယ်လုပ်ဆောင်နေသည့် လွတ်လပ်သော အဖွဲ့အစည်းတစ်ခု ဖြစ်ပါသည်။


Minority Affairs Institute (MAI) အနေဖြင့် Speech Matters (Myanmar) နှင့်အတူ အသိပညာမျှဝေခြင်းဆိုင်ရာများတွင် လက်တွဲပူးပေါင်း လုပ်ကိုင်သွားကြမည်ဖြစ်ပါကြောင်း အသိပေးကြေညာအပ်ပါသည်။