
ယဥ်ကျေးမှုအရောင်အသွေးစုံ လူ့အဖွဲ့အစည်းအတွင်း အမုန်းစကား၊ အမှတ်လက္ခဏာနိုင်ငံရေး၊ လူမှုသဟဇာတဖြစ်မှုနှင့် လူမှုပါဝင်ခြင်းသိကောင်းစရာ (၅)ရက်တာသင်တန်း အောင်မြင်စွာ ပြီးဆုံး
Minority Affairs Institute (MAI) နှင့် Speech Matters (Myanmar) တို့ ပူးပေါင်း၍ ဖွင့်လှစ်သည့် “ယဥ်ကျေးမှုအရောင်အသွေးစုံ လူ့အဖွဲ့အစည်းအတွင်း အမုန်းစကား၊ အမှတ်လက္ခဏာနိုင်ငံရေး၊ လူမှုသဟဇာတဖြစ်မှုနှင့် လူမှုပါဝင်ခြင်းသိကောင်းစရာ (၅)ရက်တာသင်တန်း” သည် ၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ ၆ ရက်နေ့၊ မြန်မာစံတော်ချိန် ည၉ နာရီ အချိန်တွင် အောင်မြင်စွာ ပြီးဆုံးခဲ့ပါသည်။
သင်တန်းကာလတလျှောက် တက်ကြွစွာ ပါဝင် ဆွေးနွေးပေးခဲ့ကြသော သင်တန်းသူ၊ သင်တန်းသားများကို အထူးကျေးဇူးတင်ရှိပါသည်။
Minority Affairs Institute - MAI (Myanmar)နှင့် Speech Matters (Myanmar) အနေဖြင့် လူနည်းစုများနှင့် လူငယ်များ၏ နိုင်ငံရေးအသိပညာ တိုးပွားလာစေရန်၊ အရည်အချင်းများ မြှင့်တင်လာစေရန်၊ ယဥ်ကျေးမှုအရောင်အသွေးစုံ လူ့အဖွဲ့အစည်းအတွင်း လူမှုသဟဇာတဖြစ်မှုနှင့် လူမှုပါဝင်မှုကို ပိုမိုမြှင့်တင်လာနိုင်ရန်၊ အမုန်းစကားပြန့်ပွားမှုကို လျော့ချနိုင်ရန် ရည်ရွယ်၍ ယခုကဲ့သို့ သင်တန်းများကို ဆက်လက်ဖွင့်လှစ်ပေးသွားမည်ဖြစ်ကြောင်း သတင်းကောင်းပါး အပ်ပါသည်။
လူနည်းစုရေးရာ အင်စတီကျူ (မြန်မာ)
Minority Affairs Institute - MAI (Myanmar)
Speech Matters (Myanmar)
#MAI #minorityaffairsinstitute #SpeechMattersMyanmar #hatespeech #socialcohesion #identitypolitics #socialinclusion #multicultural #society