
“ယဥ်ကျေးမှုအရောင်အသွေးစုံ လူ့အဖွဲ့အစည်းအတွင်း အမုန်းစကား၊ အမှတ်လက္ခဏာနိုင်ငံရေး၊ လူမှုသဟဇာတဖြစ်မှုနှင့် လူမှုပါဝင်ခြင်းသိကောင်းစရာ (Understanding Hate-Speech, Identity Politics, Social Cohesion, and Social Inclusion in the Context of a Multicultural Society)” သင်တန်း
Minority Affairs Institute (MAI) နှင့် Speech Matters (Myanmar) အဖွဲ့တို့မှ ပထမဆုံးအကြိမ်အဖြစ် ပူးပေါင်းစီစဥ်ဖွင့်လှစ်မည့် “ယဥ်ကျေးမှုအရောင်အသွေးစုံ လူ့အဖွဲ့အစည်းအတွင်း အမုန်းစကား၊ အမှတ်လက္ခဏာနိုင်ငံရေး၊ လူမှုသဟဇာတဖြစ်မှုနှင့် လူမှုပါဝင်ခြင်းသိကောင်းစရာ (Understanding Hate-Speech, Identity Politics, Social Cohesion, and Social Inclusion in the Context of a Multicultural Society)” ငါးရက်တာ သင်တန်းကို စက်တင်ဘာလ (၁) ရက် နေ့မှ (၅) ရက်နေ့အထိ ပြုလုပ်သွားမည်ဖြစ်ပါသည်။
ဤသင်တန်းတွင်
၁) အမုန်းစကားနှင့် လွတ်လပ်စွာထုတ်ဖော်ခွင့်၊
၂) အမှတ်လက္ခဏာနှင့် အမှတ်လက္ခဏာ အခြေပြုနိုင်ငံရေးသဘောတရားများ၊
၃) ယဥ်ကျေးမှုအရောင်အသွေးစုံ လူ့အဖွဲ့အစည်းအတွင်းက ဒီမိုကရေစီ၊
၄) ယဥ်ကျေးမှုအရောင်အသွေးစုံ လူ့အဖွဲ့အစည်းအတွင်းက အမုန်းစကား၊ လူမှုသဟဇာတဖြစ်မှုနှင့် လူမှုပါဝင်မှု စသည့်အကြောင်းအရာများကို သင်ယူလေ့လာခွင့် ရရှိနိုင်မည် ဖြစ်ပါသည်။
ယခုသင်တန်းကို အမုန်းစကား၊ အမှတ်လက္ခဏာအခြေပြု နိုင်ငံရေးသဘောတရားများကို လေ့လာလိုသည့် ကျောင်းသူ၊ ကျောင်းသားများ၊ သတင်းမီဒီယာသမားများ၊ နိုင်ငံသားသတင်းထောက် (CJ)များ၊ သတင်းတု၊ သတင်းမှား၊ အမုန်းစကားများကို စောင့်ကြည့်စစ်ဆေးသူများ၊ Political Science နှင့် Social Science ဘာသာရပ်များကို စိတ်ဝင်စားသူများနှင့်၊ NGOs/ CSOs များတွင် လုပ်ကိုင်နေသောသူများ အနေဖြင့် တက်ရောက်သင့်ပါသည်။
သင်တန်းကာလ - ၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ (၁)ရက်နေ့မှ (၅)ရက်နေ့အထိ
သင်တန်းချိန် - ည (၆)နာရီမှ ည(၉)နာရီအထိ (မြန်မာစံတော်ချိန်)
သင်တန်းနေရာ - အွန်လိုင်း (Zoom Platform)
သင်တန်းတက်ရောက်လိုသူများသည် အောက်တွင်ဖော်ပြထားသော သင်တန်းလျှောက်လွှာဖောင် (Google Form Link) တွင် အချက်အလက်ပြည့်စုံစွာ ဖြည့်သွင်း၍ သြဂုတ်လ (၂၇)ရက်နေ့ ညနေ(၆)နာရီ နောက်ဆုံးထားပြီး လျှောက်ထားနိုင်ပါသည်။
သင်တန်းလျှောက်လွှာ -
https://forms.gle/tMmqcZk9CL2gYZ1s5
ရွေးချယ်ခံရသူများကို Email ပေးပို့ကာ ဆက်သွယ်ပါမည်။ အဆိုပါ Email တွင် သင်တန်းတက်ရောက်ရမည့် Zoom Link နှင့် Telegram Group Link တို့ကို ပူးတွဲပေးပို့၍ အကြောင်းကြားသွားမည် ဖြစ်ပါသည်။
မှတ်ချက်။ ။ အထက်တန်းအောင်မြင်ပြီးသူများသာ လျှောက်ထားနိုင်ပါသည်။ Pre-test နှင့် Post-test များကို မဖြစ်မနေ ဖြေဆိုရမည် ဖြစ်ပါသည်။ သင်တန်းတွင် တက်ကြွစွာ ပါဝင်ဆွေးနွေးသူများနှင့် သင်တန်းတက်ချိန်(၈၀%) ပြည့်မီသူများကိုသာ သင်တန်းပြီးဆုံးကြောင်းလက်မှတ် (Completion Certificate) ပြန်လည်ပေးအပ်မည် ဖြစ်ပါသည်။
သင်တန်းနှင့် ပတ်သက်၍ အသေးစိတ်သိရှိလိုပါက အောက်ဖော်ပြပါ Email လိပ်စာများမှတဆင့် ဆက်သွယ်မေးမြန်းစုံစမ်းနိုင်ပါသည်။
Email Address:
mai.trainingunit@gmail.com
mai.myanmar@protonmail.com
mm.speechmatters@gmail.com